ကြားဖူးနားဝ


ဘာ post မှမတင်နိုင်တာ ကြာပြီဆိုတော့ blog လေးလည်း မျက်နှာငယ်နေရတာပေါ့။
ဘာရေးရမှန်းလည်း မသိဘူး လောလောဆယ် ဘာမှရေးစရာလည်း ရှာမရတော့ဘူး၊ဒါပေမဲ့ တစ်ခုခုတော့
ရေးချင်နေတယ်။စိတ်ကူးတည့်ရာ လျှောက်စဉ်းစားရင်း ၂၀၀၇ခုနှစ်တုန်းက လူကြီးတစ်ယောက် ပြောဖူးတဲ့စကား
ကိုသွားသတိရတယ်။
"ငါ့တူ ဝါးတွေပွင့်နေတယ် ရိက္ခာလေးဘာလေး ဝယ်စုထားအုံး တော်ကြာ ရိက္ခာပြတ်နေအုံးမယ်"တဲ့။

ကျွန်တော်ကပြန်မေးတာပေါ့
"ဦးလေးကလည်း ဝါးတွေပွင့်တာနဲ့ ဘာလို့ရိက္ခာဝယ်ထားရမှာလဲ"ဆိုတော့
"မင်း ဝါးပင်တွေက အပွင့် ပွင့်တာမြင်ဖူးလား"တဲ့
ကျွန်တော်လည်း သေသေချာချာ စဉ်းစားကြည့်တော့ ဝါးပင်တွေပွင့်လား မပွင့်လားတစ်ခါမှ စောင့်လည်းမကြည့်ဖူးဘူး။
သတိလည်းမထားမိဘူး။
"အမှတ်တမဲ့ပဲ ဦးလေး" လို့ ပြန်ပြောတော့
"မှတ်ထားငါ့တူ ဝါးပင်တွေ အပွင့် ပွင့်ပြီဆိုရင် နိုင်ငံမှာ ထူးခြားတဲ့ အဖြစ်အပျက် တွေဖြစ်တတ်တယ်"တဲ့
ဟုတ်လားမဟုတ်လား တော့ကျွန်တော်လည်း မသိဘူး။သေချာတာက အခုဝါးပင်တွေ တွေ့တိုင်း ပွင့်လားမပွင့်လား
စောင့်ကြည့်တတ်တဲ့ အကျင့်လေး ပါလာတယ်ဆိုပါတော့။ဒီကိစ္စ ဟုတ်မဟုတ် ကို သိတဲ့လူရှိရင်တော့
ကျွန်တော့်ကို ပြောပြပေးခဲ့ကြပါ။


0 comments

Make A Comment
top