မိုးစက်ပွင့် နဲ့ ကိုသီဟ


Blog လုပ်ချင်လို့သာလုပ်နေရတာ ကျွန်တော်မှာ pc ကလည်းမရှိ lap top ကလည်းမရှိ၊သင်တန်းလည်း မတက်ဖူးဘူး၊ စာလည်းကောင်းကောင်း
မရိုက်တတ်တော့ ပို့စ်တင်ဖို့က နဲနဲအခက်အခဲ ရှိလာတာပေါ့။ ကံကောင်းလို့ blog နဲနဲလုပ်တတ်တာ။လောလော
ဆယ်တော့ လက်ရေးနဲ့ရေး ထားရတာပေါ့။ သူငယ်ချင်း တစ်ယောက်ဆီစာတိုက်က ပို့ပေးရင်တော့ သူက
စာရိုက်ပြီး email ကိုပြန် ပို့ပေးတယ်။ အဆင်သင့် post တင်ရုံပဲ အားနာလို့ သိပ်မပို့ဖြစ်ဘူး။


Blog အတွက် ပုံလေးတွေ လိုရင်လည်း အကူညီပေးတဲ့ သူငယ်ချင်းတစ်ယောက် လည်းရှိသေးတယ်ဗျ။
ပုံလေးတွေလိုလာရင် သူ့ဆီဖုန်းသာဆက်လိုက် ချက်ချင်းလုပ်ပေးတာဗျာ။ သူက graphic ကျွမ်းကျင်တယ် ဗျ။
ဒါပေမဲ့ အဲဒီပုဂ္ဂိုလ်နဲ့ အပြင်မှာ မြင်ဖူးတွေ့ဖူးတာမဟုတ်ဘူး ဖုန်းနဲ့ပဲစကားပြောဘူးတာ။

ဘာပဲဖြစ်ဖြစ် ဒီလို သူငယ်ချင်း တွေရှိနေလို့ ကျွန်တော့် blogလေးက နဲနဲကြည့်လို့အဆင်ပြေနေတာ။ အဲဒီ သူငယ်ချင်းတွေက စိတ်ရင်းအရမ်းကောင်းတာ သူတို့သာမကူညီရင် ဘာpostမှ တင်နိုင်မှာမဟုတ်ဘူး ကြည်လို့လည်းကောင်းမှာမဟုတ်ဘူး။ post တွေကိုစာရိုက်ပေးတာက မိုးစက်ပွင့် လို့ခေါ်တယ်။ မိန်ကလေးမဟုတ်ပါဘူး ယောက်ျားကြီးပါဗျာ။ graphic ပုံလေးတွေလုပ်ပေးတာက ကိုသီဟ လို့ခေါ်တယ်။

Blogger ဖြစ်ဖို့အခြားလူတွေအတွက် လွယ်ချင်လွယ်မယ် ကျွန်တော့်အတွက်တော့ နဲနဲခက်တာအမှန်ပါ။
ဒါပေမဲ့ လုပ်ချင်တဲ့စိတ်လေးရှိတော့လည်း ကြည်ပျော်ရှုပျော် blogလေး လုပ်လို့ရလာတာပေါ့။ ဘယ်သူပဲဖြစ်ဖြစ်
ဘာတွေပဲလုပ်ချင်လုပ်ချင် စိတ်ပါရင်ဘာမဆို လုပ်နိုင်ကြမှာပါ။ ဖြစ်ချင်တာ လုပ်နိုင်ကြပါစေဗျာ။

အဆုံးအထိဖတ်ရှုရန်အတွက်...

ချစ်သူ မှတ်မိစေဖို့


ကျွန်တော့်ဘဝမှာအမှတ်တရရှိနေတဲ့ ကဗျာလေးတစ်ပုဒ်ကိုအမြဲအမှတ်ရနေဖို့ post အနေနဲ့တင်လိုက်တာပါ။

အချစ်ခဲ့ရဆုံး ချစ်သူတစ်ယောက်ဆီကအဖြေတောင်းတဲ့ ရည်းစားစာမှာ ထည့်ရေးလိုက်တဲ့ကဗျာလေးပေါ့

ကဗျာဆရာဘယ်သူဆိုတာ မမှတ်မိတော့ပါဘူး...အချိန်တွေကကြာခဲ့ပြီကိုး....

ကဗျာခေါင်းစဉ်လည်း မှတ်မိတော့ဘူး

ပန်မယ်လား ပန်သွားပါ

ခြွေမယ်လား ခြွေသွားပါ

မပန်ချင်လည်း ခြွေခဲ့ပါ

မခြွေရက်လည်း ပန်သွားပါ


မှတ်ချက်။ ။ကဗျာမှာနောက်ဆက်တွဲရှိလိမ့်ဦးမယ်ထင်ပါတယ် ကျွန်တော်မမှတ်မိတော့တဲ့အတွက်မဖေါ်ပြနိုင်တော့ပါ။



အဆုံးအထိဖတ်ရှုရန်အတွက်...

ဒုက္ခဟာပျားရည်လိုချိုတယ်



လူတစ်ယောက်ဟာလိပ်ပြာဖြစ်လာမယ့် ပိုးတုံးလုံးလေးတစ်ကောင်ကိုတွေ့မြင်ခဲ့ပါတယ်။
တစ်နေ့တော့ ပိုးအိမ်မှာအပေါက်သေးသေးလေးပေါ်လာတယ်။အဲဒါနဲ့အဲဒီလူဟာ အဲဒီ့အပေါက်သေးသေးလေး
ကနေတွန်းထွက်ဖို့ လိပ်ပြာကလေးကြိုးစားရုန်းကန်နေတာကို နာရီပေါင်းများစွာ စောင့်ကြည့်နေခဲ့ပါတယ်။
ဒါပေမယ့် ဘာမှတိုးတက်ဖြစ်ပေါ်လာတာမတွေ့ရဘဲ ရပ်သွားလေတယ်။ ကြည့်ရတာလိပ်ပြာလေးဟာ
သူတတ်နိုင်သလောက် တိုးထွက်ပေမယ့် ရှေ.မဆက်နိုင်၊ မသွားနိုင်ပုံပါပဲ။

အဲဒါနဲ့ အဲ့ဒီလူဟာ လိပ်ပြာလေးကိုကူညီဖို့ဆုံးဖြတ်လိုက်တယ်။ သူဟာ ကပ်ကြေးတစ်လက်ကို
ယူပြီး ပိုးအိမ်ကိုကိုက်ဖြတ်လိုက်တယ်။ လိပ်ပြာကလေး လွယ်လွယ်နဲ့ထွက်လာနိုင်အောင်ပေါ့၊ ဒါပေမယ့်
လိပ်ပြာလေးရဲ့ ခန္ဓာကိုယ်ဟာ သေးကွေးကြုံလှီနေပြီး တောင်ပံတွေကလည်း တုန်ယင်လို့နေရှာတယ်။
အဲဒီလူဟာ ဆက်ပြီးစောင့်ကြည့်နေတယ်။ သူမျှော်လင့်တာက တစ်ချိန်ချိန်မှာ လိပ်ပြာလေးဟာ သူ့တောင်ပံ
တွေကို ဖြန့်ကားပြီး သူ့ခန္ဓာကိုယ်ကိုထိန်းနိုင်မယ်၊ ထပြီးပျံသန်းနိုင်မယ်ရယ်လို့ပေါ့။
ဘာမှဖြစ်မလာပါဘူး။ တစ်ကယ်ဆိုရင်လိပ်ပြာလေးဟာ သူ့ဘဝတစ်လျှောက်လုံး တုန်ယင်နေတဲ့
တောင်ပံတွေ ကြုံ့လှီနေတဲ့ ခန္ဓာကိုယ်နဲ့ လိမ်ဖယ်လိမ်ဖယ်၊ တွားတွားပြီးနေရပါတော့တယ်။ ဘယ်တော့မှ
မပျံသန်းနိုင်တော့ပါဘူး။ အဲဒီလူရဲ့ကြင်နာသနားမှုနဲ့ လက်မြန်ခြေမြန်လုပ်မှုဟာ သဘာဝဥပဒေသကို
နားမလည်လို့ပါ။ လိပ်ပြာတစ်ကောင်ဟာ ပိုးအိမ်ရဲ့ အပေါက်သေးသေးကနေ တိုးထွက်ဖို့ ပိုးအိမ်လေးက
တမင်ဖန်တီးပေးထားတာပါ။အဲဒီလို တိုးထွက်ဖို့ကြိုးစားမှ ခန္ဓာကိုယ်ထဲကအရေတွေဟာ တောင်ပံတွေဆီ
ဖြန့်ကျက်ပေးနိုင်ပြီး ပိုးအိမ်ထဲကလွတ်မြောက်လာတာနဲ့ ပျံဖို့အဆင်သင့်ဖြစ်မှာဖြစ်ပါတယ်။ ဒါဟာ
သူ့သဘော သူ့သဘာဝပါ။
တစ်ခါတစ်ခါမှာတော့ ကျွန်တော်တို့ဘဝမှာ လိုနေတာကကြိုးစားရုန်းကန်မှုဖြစ်ပါတယ်။တစ်ကယ်လို့
သဘာဝတရားကြီးကသာ ကျွန်တော်တို့ကိုဘာဒုက္ခမှမကြုံစေရဘဲ လွယ်လွယ်နဲ့ဖြစ်တည်ခွင့်ပေးခဲ့ရင် ကျွန်တော်
တို့ဟာ ချိနဲ့သူတွေဖြစ်ကုန်တော့မှာပေါ့။ ကျွန်တော်တို့အခုခွန်အားသန်မာ ကြံ့ခံကြသလို ဘယ်တော့မှ
မပျံသန်းနိုင်ကြတော့ပါဘူး၊
တစ်ကယ်တွေးတော့...ဒုက္ခဟာ ပျားရည်လိုချိုတာ အမှန်ပါ။




အဆုံးအထိဖတ်ရှုရန်အတွက်...

blogger templates

Blogy-Pizza-BlogandWeb-com

show


sky3c

show


greenmarinee

show


magicpaper

show


Garland

show



အဆုံးအထိဖတ်ရှုရန်အတွက်...

blogger templates

Blogy-Cajas-BlogandWeb-com

show


minyx20

show


yanku

show


blue-weed

show


Wista

show





အဆုံးအထိဖတ်ရှုရန်အတွက်...

blogger templates

snail

show


naga-geni

show



nintendo-icon

show





အဆုံးအထိဖတ်ရှုရန်အတွက်...

blogger templates

laptop-in-blue

show



slovenian-designer

show


arthemia-magazine

show


i-blog

show




rebel-magazine

show


အဆုံးအထိဖတ်ရှုရန်အတွက်...

blogger templates

black-wood


show


coldblue


show



langit


show



အဆုံးအထိဖတ်ရှုရန်အတွက်...

top