ဒုက္ခဟာပျားရည်လိုချိုတယ်



လူတစ်ယောက်ဟာလိပ်ပြာဖြစ်လာမယ့် ပိုးတုံးလုံးလေးတစ်ကောင်ကိုတွေ့မြင်ခဲ့ပါတယ်။
တစ်နေ့တော့ ပိုးအိမ်မှာအပေါက်သေးသေးလေးပေါ်လာတယ်။အဲဒါနဲ့အဲဒီလူဟာ အဲဒီ့အပေါက်သေးသေးလေး
ကနေတွန်းထွက်ဖို့ လိပ်ပြာကလေးကြိုးစားရုန်းကန်နေတာကို နာရီပေါင်းများစွာ စောင့်ကြည့်နေခဲ့ပါတယ်။
ဒါပေမယ့် ဘာမှတိုးတက်ဖြစ်ပေါ်လာတာမတွေ့ရဘဲ ရပ်သွားလေတယ်။ ကြည့်ရတာလိပ်ပြာလေးဟာ
သူတတ်နိုင်သလောက် တိုးထွက်ပေမယ့် ရှေ.မဆက်နိုင်၊ မသွားနိုင်ပုံပါပဲ။

အဲဒါနဲ့ အဲ့ဒီလူဟာ လိပ်ပြာလေးကိုကူညီဖို့ဆုံးဖြတ်လိုက်တယ်။ သူဟာ ကပ်ကြေးတစ်လက်ကို
ယူပြီး ပိုးအိမ်ကိုကိုက်ဖြတ်လိုက်တယ်။ လိပ်ပြာကလေး လွယ်လွယ်နဲ့ထွက်လာနိုင်အောင်ပေါ့၊ ဒါပေမယ့်
လိပ်ပြာလေးရဲ့ ခန္ဓာကိုယ်ဟာ သေးကွေးကြုံလှီနေပြီး တောင်ပံတွေကလည်း တုန်ယင်လို့နေရှာတယ်။
အဲဒီလူဟာ ဆက်ပြီးစောင့်ကြည့်နေတယ်။ သူမျှော်လင့်တာက တစ်ချိန်ချိန်မှာ လိပ်ပြာလေးဟာ သူ့တောင်ပံ
တွေကို ဖြန့်ကားပြီး သူ့ခန္ဓာကိုယ်ကိုထိန်းနိုင်မယ်၊ ထပြီးပျံသန်းနိုင်မယ်ရယ်လို့ပေါ့။
ဘာမှဖြစ်မလာပါဘူး။ တစ်ကယ်ဆိုရင်လိပ်ပြာလေးဟာ သူ့ဘဝတစ်လျှောက်လုံး တုန်ယင်နေတဲ့
တောင်ပံတွေ ကြုံ့လှီနေတဲ့ ခန္ဓာကိုယ်နဲ့ လိမ်ဖယ်လိမ်ဖယ်၊ တွားတွားပြီးနေရပါတော့တယ်။ ဘယ်တော့မှ
မပျံသန်းနိုင်တော့ပါဘူး။ အဲဒီလူရဲ့ကြင်နာသနားမှုနဲ့ လက်မြန်ခြေမြန်လုပ်မှုဟာ သဘာဝဥပဒေသကို
နားမလည်လို့ပါ။ လိပ်ပြာတစ်ကောင်ဟာ ပိုးအိမ်ရဲ့ အပေါက်သေးသေးကနေ တိုးထွက်ဖို့ ပိုးအိမ်လေးက
တမင်ဖန်တီးပေးထားတာပါ။အဲဒီလို တိုးထွက်ဖို့ကြိုးစားမှ ခန္ဓာကိုယ်ထဲကအရေတွေဟာ တောင်ပံတွေဆီ
ဖြန့်ကျက်ပေးနိုင်ပြီး ပိုးအိမ်ထဲကလွတ်မြောက်လာတာနဲ့ ပျံဖို့အဆင်သင့်ဖြစ်မှာဖြစ်ပါတယ်။ ဒါဟာ
သူ့သဘော သူ့သဘာဝပါ။
တစ်ခါတစ်ခါမှာတော့ ကျွန်တော်တို့ဘဝမှာ လိုနေတာကကြိုးစားရုန်းကန်မှုဖြစ်ပါတယ်။တစ်ကယ်လို့
သဘာဝတရားကြီးကသာ ကျွန်တော်တို့ကိုဘာဒုက္ခမှမကြုံစေရဘဲ လွယ်လွယ်နဲ့ဖြစ်တည်ခွင့်ပေးခဲ့ရင် ကျွန်တော်
တို့ဟာ ချိနဲ့သူတွေဖြစ်ကုန်တော့မှာပေါ့။ ကျွန်တော်တို့အခုခွန်အားသန်မာ ကြံ့ခံကြသလို ဘယ်တော့မှ
မပျံသန်းနိုင်ကြတော့ပါဘူး၊
တစ်ကယ်တွေးတော့...ဒုက္ခဟာ ပျားရည်လိုချိုတာ အမှန်ပါ။




0 comments

Make A Comment
top